မပေးဘဲ ရသလား။ရသည်။ တစ်ကြိမ်တော့ ရနိုင်သည်။သို့သော် အကြိမ်ကြိမ်ယူချင်၍ မရနိုင်။မစိုက်ဘဲ စားရသလား။ရသည်။ တစ်နပ်တော့ စားရနိုင်သည်။သို့သော် ထာဝရ မရ။တစ်ရာသီစားဖို့၊ တစ်သက်တာစားဖို့၊ သားစဉ်မြေးဆက်စားဖို့ အတွက်တော့ စိုက်ပျိုးရလိမ့်မည်။စာဖတ်သမား၏ မှတ်စုများ – ဖေမြင့် မှ ကောက်နှုတ်တင်ပြသည်။